About Apollo Hospital
၁၉၈၃ ခုနှစ်တွင် အပိုလိုဆေးရုံများကို စတင်ဖွင့်လှစ်ခဲ့ပြီး ဆေးရုံ၏ အဓိကရည်ရွယ်ချက်ကတော့ လူနာတစ်ယောက်ချင်းစီကို နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်စေရန်နှင့် ပြည်သူလူထုထံသို့ ပညာရေး၊ သုတေသနရှာဖွေတွေ့ရှိမှုများ၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး အကောင်းဆုံးတွေကို ယူဆောင်လာပေးနိုင်ရန် ဖြစ်ပါသည်။ နှစ်ပေါင်း (၄၀) အတွင်း ကျန်းမာရေးစောင့်ရှောက်မှုများစွာကို ကူညီပေးနိုင်ခဲ့သည်။ အပိုလိုဆေးရုံသည် အိန္ဒိယနိုင်ငံတွင် အကြီးမားဆုံး ဆေးရုံ ဖြစ်ရုံသာမက ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်ပြီးလည်း အောင်မြင်မှုများစွာရရှိခဲ့ပြီးဖြစ်သည်။ အပိုလိုဆေးရုံအနေဖြင့် အိန္ဒိယနိုင်ငံတွင် ဈေးနှုန်းချိုသာပြီး အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုများရရှိနိုင်ရန် စတင်ခဲ့ပြီးနောက် အနောက်နိုင်ငံများသို့ ဆက်လက်ဖြန့်ကျက်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။ ယခုလက်ရှိမှာတော့ ထို့ပြင် နိုင်ငံပေါင်း ၁၂၀ကျော်မှ လူ၄၂သန်းကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။
အပိုလိုဆေးရုံသည် အာရှတွင်သာမက ကမ္ဘာ့အနှံ့အပြားတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို ဖော်ဆောင်နိုင်ခဲ့သည်။ လက်ရှိမှာ ကုတင် ၁၀၀၀၀ ကျော်ဆန့်သော ဆေးရုံပေါင်း (၇၀) ရုံ၊ ဆေးခန်းပေါင်း ၂၂၀၀ကျော်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရောဂါစစ်ဆေးမှုဓာတ်ခွဲခန်း စင်တာပေါင်း (၁၀၀) ကျော်၊ နိုင်ငံ(၉)နိုင်ငံတွင် Telemedicine unit (၁၁၅) ခု၊ ကျန်းမာရေးအာမခံများ၊ ကျန်းမာရေးဆွေးနွေးပွဲများ၊ clinical trial (ဆေးစမ်းသပ်သုတေသနပြုလုပ်မှုများ)၊ အရေပြားနှင့်ပတ်သက်ပြီးသုတေသနများ၊ stem cell နှင့် မျိုးရိုးဗီဇသုတေသနပြုလုပ်ခြင်းများ ဆောင်ရွက်ထားရှိသည်။
အပိုလိုဆေးရုံသည် အိန္ဒိယနိုင်ငံတွင် ယနေ့ထက်တိုင် နှစ် (၄၀) ကျော်ကြာ အကောင်းဆုံးဆေးရုံတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ အပိုလိုအုပ်စုရဲ့ အောင်မြင်မှုအနေဖြင့် JCI international quality accreditation ကို ရရှိခဲ့ပြီး နှလုံးဌာန၊ အရိုးဌာန၊ အာရုံကြောဌာန၊ အရေးပေါ်ဌာနများ၊ ကင်ဆာဌာနနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းအစားထိုးကုသမှုများတွင်လည်း အောင်မြင်မှုများရရှိထားပြီးဖြစ်သည်။ ထို့ပြင် ခေတ်မီစက်ကိရိယာများဖြင့် ကုသပေးခြင်း၊ robotic နည်းပညာများ အသုံးပြုခြင်းနှင့် လူနာများကို နွေးထွေးသော ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ဒါကြောင့် Apollo ဆေးရုံဟာ ကမ္ဘာပေါ်မှာ ကျန်းမာရေးကုသမှုခံယူရန် အကောင်းဆုံးသော ဆေးရုံအဖြစ် ထင်ရှားပါတယ်။
အပိုလိုဆေးရုံ မြန်မာပြည် ကိုယ်စားလှယ်ရုံး ( Apollo Information Centre ) မှ ဆေးကုသမည့် လူနာများအတွက် အောက်ပါ ဝန်ဆောင်မှုများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
✜လူနာ၏ ဆေးစစ်ချက် အဖြေများကို ဆွေးနွေးတိုင်ပင်ပေးခြင်း
✜ လူနာ၏ ရောဂါနှင့် ပတ်သက်သော ဆေးမှတ်တမ်းများကို ဆေးရုံသို့ ပို့၍ သက်ဆိုင်ရာ ဆရာဝန်ကြီးများထံ ပြသပြီး ကုသမည့်နည်းလမ်း၊ ကုသရန် ကြာမြင့်ချိန်၊ ခန့်မှန်း ကုန်ကျစားရိတ် နှင့် အခြားလိုအပ်သည်များကို ဆွေးနွေးပေးခြင်း။
✜မြန်မာနိုင်ငံတွင် လိုအပ်သော ကြိုတင်ဆေးစစ်ချက်များ စီစဉ်ဆောင်ရွက်ပေးခြင်း။
✜နိုင်ငံ ဝင်ခွင့်ဗီဇာ လျှောက်ထားပေးခြင်း။
✜ လေယာဉ်လက်မှတ် စီစဉ်ပေးခြင်း။
✜အိန္ဒိယနိုင်ငံတွင် လေယာဉ်ကွင်းမှ တည်းခိုရမည့်နေရာအထိ လူနာအကြိုအပို့ စီစဉ်ပေးခြင်း။
✜ ဆေးရုံအနီးတွင် နေထိုင်နိုင်ရန် တည်းခိုးခန်း၊ ဟိုတယ် စီစဉ်ပေးခြင်း။
✜စကားပြန် ဝန်ဆောင်မှုထားရှိပေးခြင်း
✜ သီးခြား စကားပြန်လိုအပ်ပါက စီစဉ်ဆောင်ရွက်ပေးခြင်း။
✜ ဆေးကုသမှုပြီးဆုံး၍ မြန်မာပြည်သို့ ပြန်လာပြီးနောက် လစဉ်ပုံမှန်စစ်ဆေးနေကျ ဆေးစစ်ချက်များကို သက်ဆိုင်ရာ ဆရာဝန်ကြီးများထံသို့ ပို့ပေး၍ ညွှန်ကြားချက်များ ရယူပေးခြင်း။
✜ အထူးကု ဆရာဝန်ကြီးများမှ မြန်မာပြည်သို့ မကြာခဏလာရောက်၍ ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲများကို စီစဉ်ဆောင်ရွက်ပေးခြင်း။