အသည်းရောဂါနှင့် အသည်းအစားထိုးကုသခြင်းအကြောင်းမေးလေ့ရှိသောမေးခွန်းများ
အသည်းရောဂါတွေဟာ အသည်းခြောက်ခြင်း(Cirrhosis of Liver)လို့လူသိများတဲ့ အဆင့်ကိုမရောက်ခင်မှာ အဆင့်များစွာရှိပါသေးတယ်။ ကောင်းမွန်သောအသည်းသည် (ရောဂါဖြစ်စေသောအချက်များကို ထိန်းချုပ်ထားနိုင်လျှင်) သူ့အလိုလိုပြန်ကောင်းနိုင်ပြီး အမာရွတ်တက်လာတတ်ပါတယ်။ ဒါပေမယ့် အမာရွတ်တက်တာတွေများလာပြီး အသည်းခြောက်သည့်အဆင့်သို့ရောက်သွားလျှင်တော့ ပြန်မကောင်းနိုင်တော့ပါ။ အသည်းခြောက်ခြင်းပြင်းထန်လာလျှင် အသည်းအစားထိုးကုသရသောအဆင့်သို့ ရောက်ရှိလာပါသည်။ အသည်းရောဂါကိုဖြစ်စေသောအချက်များကို သိထားဖို့အရေးကြီးပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့်ဖျားနာခြင်း(Viral Illness)၊ အဆီဖုံးခြင်း(Fatty Invasion)၊ ဇီဝဖြစ်စဉ်မူမမှန်ခြင်း(Metabolic Disorder)၊ မျိုးရိုးဗီဇ(Genetic)၊ မွေးရာပါချို့ယွင်းချက်များ(Birth Disorder)နှင့် ကင်ဆာရာဂါများကြောင့် အသည်းရောဂါ ဖြစ်ပွားနိုင်ပါသည်။ အသည်းရောင်အသားဝါ A ပိုး (သို့မဟုတ်) E ပိုးနှင့် မျှော်လင့်မထားသော ဆေးဝါးတုန့်ပြန်မှုများသည် အသည်းကိုထိခိုက်နိုင်ပြီး ပြင်းထန်သောအသည်းပျက်စီးမှုကို ဖြစ်စေနိုင်ပါတယ်။
အသည်းရောဂါက ဘယ်လိုလူတွေမှာ အဖြစ်များလဲ? ဥပမာ- အသက်အရွယ်၊ ကျား၊ မ အစရှိသဖြင့်။
1) Liver Transplant
2) Liver Resection
3) RFA(radiofrequency Ablation)
4) TARE
5) TACE
6) SBRT
7) Target cell therapy
ရောဂါအခြေအနေပေါ်မူတည်၍ကုသလို့ရနိုင်မည့်နည်းလမ်းများကို သက်ဆိုင်ရာဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးရန်လိုအပ်ပါသည်။
ပုံမှန်အားဖြင့် ဘယ်အသက်အရွယ်မှာ အသည်းအစားထိုးလေ့ရှိလဲ?
ကလေးတွေမှာတော့ လိုအပ်တယ်ဆိုရင် အသက်၆လနှင့်၂နှစ်အကြားမှာ အစားထိုးပါတယ်။ လူကြီးတွေမှာတော့ရောဂါ အခြေအနေပေါ်မူတည်ပြီး အသက် 45 – 70 အတွင်း အစားထိုးခြင်းကို ပြုလုပ်နိုင်ပါတယ်။
Liver Transplant In Children
ကလေးတွေမှာ အဖြစ်အများဆုံးအသည်းအစားထိုးကုသဖို့လိုအပ်တဲ့ရောဂါကတော့ သည်းခြေပြွန်ပိတ်ဆို့ခြင်း (Biliary atresia) ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် သည်းခြေပြွန်သည် အစာချေဖျက်တဲ့အခါလိုအပ်တဲ့ သည်းခြေရည်တွေကို အသည်းကနေတစ်ဆင့် အူလမ်းကြောင်းဆီသို့ ပို့ဆောင်ပေးရပါတယ်။ သည်းခြေပြွန်ပိတ်ဆို့တဲ့ကလေးတွေမှာ မွေးကတည်းက ထိုကဲ့သို့ သည်းခြေရည်သွားတဲ့ လမ်းကြောင်း ပုံမှန်ဖြစ်မနေပဲ ပိတ်ဆို့ပျက်စီးနေတတ်တဲ့အတွက်ကြောင့်အသည်းခြောက်ခြင်းကိုဖြစ်ပေါ်စေပါတယ်။
နောက်တစ်ခု ကလေးတွေမှာ အသည်းပျက်စီးရတဲ့အကြောင်းကတော့ Wilson Disease လို့ခေါ်တဲ့ Copper (ကြေးနီ) ဓာတ်တွေများပြီးအသည်းမှာ လာစုပုံနေတတ်တဲ့ရောဂါမှာဆိုလည်း အသည်းခြောက်ပြီးပျက်စီးတတ်ပါသေးတယ်။
ကလေးတွေကို အသည်းအစားထိုးခွဲစိတ်ကုသရာမှာတော့ လူကြီးတွေကို ခွဲစိတ်ကုသသလိုမဟုတ်ပဲ ခက်ခဲတဲ့ စိန်ခေါ်မှုတွေရှိပါတယ်။အဲ့ဒါတွေကတော့ သူတို့ရဲ့ခန္ဓာကိုယ်အရွယ်အစားပါပဲ။ ခန္ဓာကိုယ်ကသေးတဲ့အတွက် သွေးကြောတွေဆိုလည်းသေးပါတယ်။ နောက်ပြီး အသည်းအလှူရှင်လူကြီးဆီကနေ ယူလိုက်တဲ့အသည်းအစိတ်အပိုင်းက သူတို့ဗိုက်အရွယ်အစားနဲ့ ကိုက်ညီမှုရှိအောင်လည်း ချိန်ဆရပါတယ်။ ဒါကြောင့် အသည်းအစားထိုးရန်အတွက်ကို တစ်ခါတည်း ဆုံးဖြတ်ပေးတာမဟုတ်ပဲနဲ့ ခွဲစိတ်ခြင်းရဲ့ အန္တရာယ်အပါအဝင် အားလုံးကိုသိရှိပြီးမှ လူနာနှင့် မိသားစုအပါအဝင် ကုသတဲ့ သမားတော်များ ၊ ခွဲစိတ်ဆရာဝန်များမှ အတူတကွ ဆုံးဖြတ်ကြတာ ဖြစ်ပါတယ် ။
အသည်းအစားထိုးခြင်း၏အောင်မြင်မှုရာခိုင်နှုန်းကရောဘယ်လောက်ရှိသလဲ ?
အသည်းအစားထိုးကုသမှု၏ ၉၅ ရာခိုင်နှုန်းသည် အောင်မြင်မှုရရှိနိုင်ပါတယ်။ အလုံးစုံပြန်ကောင်းလာရန် ကြာချိန်ကတော့ ရောဂါအခြေအနေပေါ်မူတည်ပြီး လူနာတစ်ဦးနှင့် တစ်ဦးကွာခြားနိုင်ပါတယ်။
အစားထိုး ကုသပြီးနောက် ဆရာဝန်နှင့် ဘယ်အချိန်တွေမှာပြန်ပြရမလဲ
ပုံမှန်အတိုင်း 6 လတစ်ကြိမ် (သို့) တစ်နှစ်တစ်ကြိမ် သက်ဆိုင်ရာဆရာဝန်နှင့်ပြန်လည်ပြသရန်လိုအပ်ပါသည်။