Nurse Aid Training
ကိုယ်ပိုင်အတတ်ပညာတစ်ခုနဲ့ ခိုင်မာတဲ့အသက်မွေးဝမ်းကျောင်း တည်ဆောက်လိုပါသလား အထက်တန်းပညာရေးအဆင့်နဲ့ အလုပ်ရှာမရလို့ စိတ်ညစ်နေပါသလား ကိုယ့်အိမ်က လူကြီးမိဘတွေကို ကိုယ်တိုင်ပြုစုစောင့်ရှောက်လိုပါသလား မိမိနှင့် မိသားစုအတွက် ကျန်းမာရေးဗဟုသုတများ တိုးပွားလိုပါသလား WeCare Health Care Services မှ ဖွင့်လှစ်သင်ကြားနေသော သူနာပြုအကူ သင်တန်းကို တက်လိုက်ပါ။ သင်တန်းပြီးတာနဲ့ သေချာတဲ့ အသက်မွေးဝမ်းကျောင်း ပညာတစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်လို့ ဒီသင်တန်းကို တက်ရောက်ဖို့ လက်မလွှတ်လိုက်ပါနဲ့……..။
သင်တန်းပြီးဆုံးပါက ရရှိနိုင်မည့်အခွင့်အရေးများ
ကုမ္ပဏီ၏ ရန်ကုန်မြို့တွင်း အိမ်တိုင်ရာရောက် သူနာပြုလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများနှင့် ဆေးဆိုင်များတွင် ဝင်ရောက် လုပ်ကိုင်နိုင်ခြင်း ဂျပန် နှင့် စင်္ကာပူ နိုင်ငံများရှိ ဘိုးဘွားရိပ်သာများတွင် Care Giver တယောက်အနေဖြင့် သွားရောက် လုပ်ကိုင်နိုင်ခြင်း
ဘယ်လိုသင်ပေးမှာလဲ?
ပြည်တွင်းပြည်ပ အတွေ့အကြုံရှိ သူနာပြုဆရာ/ ဆရာမများကိုယ်တိုင် ဦးစီးသင်ကြားပေးမှာပါ။ ထိရောက်တဲ့ သင်ရိုးတွေနဲ့ စာတွေ့သင်ခန်းစာများ ပြင်ပဆေးရုံ (သို့မဟုတ်) ဘိုးဘွားရိပ်သားများ၌ လုပ်ငန်းခွင်အကြို လေ့ကျင့်ရေးများ လက်တွေ့သင်ခန်းစာများ နဲ့ သင်ကြားပေးမှာပါ။
ဘယ်ဘာသာရပ်တွေကို သင်ကြားပို့ချပေးမှာလဲ
Anatomy and Physiology (ခန္ဓာဗေဒနှင့် ဇီဝကမ္မဗေဒ) Pharmacology (ဆေးဝါးဗေဒ) Nursing Procedures (အခြေခံသူနာပြုစုနည်းများ) Maternal and Child Health Care (မိခင်နှင့်ကလေးကျန်းမာရေး ပြုစုစောင့်ရှောက်နည်းများ) Special Diseases such as TB, HBV, HCV, HIV (ကူးစက်ရောဂါဝေဒနာရှင်များအား ပြုစု စောင့်ရှောက်နည်းများ) Practical Training in Certain Hospital or Nursing Home (ပြင်ပဆေးရုံ၊ ဆေးခန်း (သို့မဟုတ်) ဘိုးဘွားရပ်သာ၌ လုပ်ငန်းခွင်အကြို လေ့ကျင့်သင်ကြားပေးခြင်း)
ဘယ်လိုလူတွေတတ်ရောက်နိုင်သလဲ ?
နဝမတန်း အောင်မြင်ပြီး သူများ တက္ကသိုလ်ဝင်တန်း တက်ရောက်ဖူးသူနှင့် အောင်မြင်ပြီးသူများ နှင့် စိတ်ပါဝင်စားသူများတက်ရောက်နိုင်ပါသည်။ နယ်ဝေး သင်တန်းသား/သူများအတွက် အဆောင်စီစဉ်ပေးပါသည်။ ( မှတ်ချက် ။ ။ စာသင်ချိန် ၅ ချိန် မှ ၁၀ ချိန်အတွင်း ပျက်ကွက်သူများ၊ ဘိုးဘွားရိပ်သာတွင် လက်တွေ့ မဆင်းသူများ၊ စာမေးပွဲ မဖြေသူများ၊ စာမေးပွဲ မအောင်မြင်သူများနှင့် သင်တန်း စည်းကမ်းမလိုက်နာသော သင်တန်းသား/သင်တန်းသူများအား အလုပ်အတွက် တာဝန်မယူပါ။) သင်တန်းကာလ (၃)လ ကြာမြင့်မည် ဖြစ်ပါသည်။
WeCare Health Care Services မှ 2014 – 2023ကာလအတွင်း သူနာပြုအကူ သင်တန်းကို အပတ်စဥ် 1 မှ 84 အထိ ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားကျောင်းသူ စုစုပေါင်း 954ယောက်ကို အောင်မြင်စွာသင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။