ကင်ဆာရောဂါကို ရောဂါအခြေအနေ နှင့် လူနာတစ်ဦးတစ်ယောက်ချင်းစီ၏လိုအပ်ချက်များပေါ်မူတည်ပြီး
Chemotherapy ( ကင်ဆာဆေးသွင်းခြင်း )
Hormonal therapy ( ဟော်မုန်းဆေးအသုံးပြု၍ကုသခြင်း )
Targeted therapy ( ကင်ဆာဆဲလ် ပစ်မှတ်ထားကုထုံးဖြင့်ကုသခြင်း )
Immunotherapy ( ကိုယ်ခံစွမ်းအားကုထုံးဖြင့် ကုသခြင်း)
Radiation therapy ( ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသခြင်း ) စသည့်ကင်ဆာကုသနည်းများဖြင့် ကုသနိုင်ပါသည်။
Cyberknife system
Cyberknife system ဆိုတာ စက်များဖြင့် အလိုအလျောက် ဓာတ်ရောင်ခြည်ဖြင့် ကုသသောစနစ် (Fully Robotic radiation delivery system) ဖြစ်ပါတယ်။
Robot radiation system (စက်ဖြင့် အလိုအလျောက်ဓာတ်ရောင်ခြည်ပေးသောစနစ်) ဖြစ်တဲ့အတွက် ကောင်းတဲ့အချက်တွေက
- ပုံရိပ်ကို ရှင်းလင်းပြတ်သားစွာ ပုံဖော်နိုင်ခြင်း
2. ဓာတ်ရောင်ခြည်ကို ဘေးကဆဲလ်တွေထိခိုက်စေခြင်းမရှိဘဲ လိုချင်တဲ့နေရာအတိအကျကို ကုသနိုင်ခြင်
3. အဖုအကျိတ်များကို ခြေရာခံခြင်း (သို့) လိုချင်သောနေရာသို့ အတိအကျဓာတ်ရောင်ခြည်ပေးနိုင်ခြင်းကြောင့်
ကောင်းသော tissue (တစ်သျူး)၊ organs (body အစိတ်အပိုင်းများ) ကို မထိခိုက်စေနိုင်တော့ခြင်း
4. robot system ဖြစ်တဲ့အတွက် အခြားသော ဓာတ်ရောင်ခြည်ကုထုံးများထက် များစွာတိကျခြင်း
5.Cyberknife system မှာစက်လက်တံအသုံးပြုခြင်းဖြင့် ဓာတ်ရောင်ခြည်များကို လိုသလို ချိန်ညှိပေးနိုင်ခြင်း
6.နာကျင်မှုမရှိခြင်း
ထို့ကြောင့် အခြား Radiosurgery (ဓာတ်ရောင်ခြည်ကုထုံး) များဖြင့် မကုသနိုင်သော ကျောရိုးဆစ်နှင့် ကျောရိုးဆစ်ကိုထောက်ပံ့ပေးသော nerve (နာဗ်ကြော) များကို ကုသနိုင်သည်။
Cyberknife ကို surgery (ခွဲစိတ်ကုသခြင်း) အစားထိုးအနေနဲ့ များသောအားဖြင့်
◦ Lung (အဆုတ်)
◦ Brain (ဦးနှောက်)
◦ Spine (ကျောရိုးဆစ်)
◦ Head and neck (ဦးခေါင်းနှင့် လည်ပင်း)
◦ Prostate (ဆီးကျိတ်)
◦ Pancreas (သရက်ရွက်)
◦ Kidney (ကျောက်ကပ်) စတဲ့နေရာများရှိ အဖုအကျိတ်တွေကို ကုသတဲ့နေရာမှာ အသုံးပြုလေ့ရှိပါတယ်။
ခန္တာကိုယ်တွင် ကင်ဆာနှင့် အခြားသောရောဂါများဖြစ်လျှင် ခန္တာကိုယ်၏လုပ်ငန်းဆောင်တာများနှင့် ဇီဝဓာတုဖြစ်စဥ်များ ပြောင်းလဲမှုများဖြစ်ပေါ်လာနိုင်သည်။
PET( Position Emission Tomography ) CT Scan သည် Noninvasive Molecular Imaging Techinque ဖြင့် ခန္ဓာကိုယ်၏လုပ်ငန်းဆောင်တာနှင့် ဇီဝဓာတု ဖြစ်စဥ်များပြောင်းလဲမှုများကို 3D ပုံရိပ်များနှင့်စမ်းသပ်စစ်ဆေးပေးသောစက်တစ်မျိုးဖြစ်သည်။
PET –CT ကို ကင်ဆာရောဂါသမားတွေမှာဘာကြောင့် ရိုက်ရသလဲ ?
1. ကင်ဆာရောဂါရှာဖွေရန် နှင့် ကင်ဆာအဆင့်ကိုသတ်မှတ်ရန် ( Diagnosis and Staging )
2. ကင်ဆာရောဂါ ကုသနေစဥ်နှင့် ကုသမှုအပြီး၌ ကုသမှုနည်းလမ်းများ / ဆေးများ၏အာနိသင်ထိရောက်ခြင်း ရှိ/ မရှိ သိနိုင်ရန် ( Response To Therapy )
3. ကင်ဆာရောဂါကို ကုသပြီးနောက် ပြန်လည်ဖြစ်ပွားနေခြင်းရှိ /မရှိကိုစစ်ဆေးရန် ( Risk Of Recurrence Assessment )
4. ကင်ဆာရောဂါအတွက် အသားစယူရမည့်နေရာ ၊ ဓာတ်ရောင်ခြည်ပေးရမည့်နေရာများ သတ်မှတ်ရန် ( Treatment Planning )
PET –CT ကိုအခြားဘယ်ရောဂါတွေမှာ အသုံးပြုနိုင်သေးသလဲ ?
– ဦးနှောက်နှင့် အာရုံကြောရောဂါများ ( ကင်ဆာမဟုတ်သောအကျိတ်၊အတတ်ရောဂါနှင့် မှတ်ဉာဏ်ချို့ယွင်းရောဂါများ)
– နှလုံးသွေးကြောကျဥ်းရောဂါများ၊ပိုးဝင်ခြင်းနှင့် အရိုးအကြောဆစ်ရောဂါများ ကြောင့်ဖြစ်သော ယောင်ယမ်းခြင်း ပြဿနာများ
– နာတာရှည်အမည်မဖော်နိုင်သောအဖျားရောဂါများကို ရှာဖွေရာတွင်လည်းအသုံးပြုနိုင်ပါသည်။
PET-CT ၏ကောင်းကျိုးများ
-3RD Generation TOF Technology အသုံးပြုထားခြင်းကြောင့် အာရုံခံစွမ်းအား (၂)ဆ မြင့်တတ်သည်။
– ရုပ်ပုံအရည်အသွေးမြင့်မား၍ အနှောင့်အယှက်များ၊ အစင်းများကင်းသည်။
– စက် design ကောင်းမွန်၍ လူနာကို သက်တောင့်သက်သာဖြစ်စေသည်။
-ဓာတ်ရောင်ခြည်နှင့် ထိတွေ့မှုကို ( ၅၀% ) ထိလျော့ချပေး၍ ရုပ်ထွက် ( ၃၀% ) ပိုမိုကောင်းမွန်သည်။
-Contrast Toxicity ကို ( ၁၅ % ) ထိလျော့ချပေးသည်။
Proton Therapy (ပရိုတွန် ဓာတ်ရောင်ခြည်ကုထုံး) အကြောင်း
Proton therapy ဆိုတာ ကင်ဆာရောဂါ ကုသတဲ့နေရာမှာ သုံးသော radiation (ဓာတ်ရောင်ခြည်ကုထုံး) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Proton beam therapy လို့လည်းခေါ်ပါတယ်။
Proton ဆိုတာ Positively charged particle (အပေါင်းလက္ခဏာဆောင်သော အမှုန်လေးတွေ) ဖြစ်ပြီး high energy (မြင့်မားသောစွမ်းအင်) ရရှိချိန်တွင် proton သည် ကင်ဆာဆဲလ်များကို ဖျက်စီးနိုင်ပါတယ်။ ကင်ဆာရောဂါကုသတဲ့အခါ proton therapy တစ်မျိုးတည်း အသုံးပြုနိုင်သလို အခြားသော radiation therapy (ဓာတ်ရောင်ခြည်ကုထုံး), surgery (ခွဲစိတ်ကုသခြင်း), chemotherapy (ကင်ဆာ ဆေးသွင်းခြင်း), immunotherapy (ခုခံအားစနစ်ဖြင့် ကင်ဆာဆဲလ်များတိုက်ထုတ်စေခြင်း) နည်းတွေနဲ့လည်း တွဲဖက်ပြီး ကုသလေ့ရှိပါတယ်။
Proton therapy ဆိုတာ external-beam radiation therapy (ဓာတ်ရောင်ခြည်ကုထုံးနည်းပညာ) ဖြစ်ပြီး ထို proton radiation စက်မှ ထွက်လာသော ဓာတ်ရောင်ခြည်များသည် အရေပြားဆဲလ်များကို ထိုးဖောက်ပြီး ကင်ဆာဆဲလ်ဆီသို့ ရောက်ရှိစေပါသည်။
Proton therapy နည်းအားဖြင့် radiation (ဓာတ်ရောင်ခြည်) သည် tumor (ကင်ဆာဆဲလ်/ကင်ဆာအကျိတ်များ)ကိုသာ ရောက်စေပြီး အခြားသော ဓာတ်ရောင်ခြည်ကုထုံးစက်များနဲ့ မတူတဲ့ အားသာချက်ကတော့ ခန္ဓာကိုယ်အတွင်း ထိုကင်ဆာဆဲလ် ဘေးပတ်ဝန်းကျင်ရှိ ကောင်းသောဆဲလ်များ၊ တစ်သျူးစများကို မထိခိုက်စေပါ။
Proton therapy ကို ဆေးရုံတွင် ညအိပ်ရန်မလိုဘဲ ပြင်ပလူနာအနေဖြင့် ကုသမှုခံယူနိုင်သည်။
ကုသမှုကြာချိန်ကတော့ ကင်ဆာရောဂါအမျိုးအစားနှင့် ရောဂါအဆင့်ပေါ်တွင်မူတည်သည်။ Stereotactic body radiation therapy လို့ခေါ်သော Proton therapy တွင် လူနာသည် ၁ကြိမ်မှ ၅ ကြိမ်အထိ ကုသမှုခံယူရလေ့ရှိသည်။ Radiosurgery လို့ခေါ်သော proton therapy တွင် လူနာသည် large radiation dose (မြင့်မားသောရောင်ခြည်ပမာဏ) ကုသမှုကို တစ်ကြိမ်ခံယူရသည်။
Time needed for each treatment (ကုသမှုကြာချိန်)
ပုံမှန်အားဖြင့် Proton therapy ကုသမှုသည် ၁၅ မိနစ်မှ မိနစ် ၃၀ ခန့် ကြာနိုင်သည်။ သို့သော် ကြာချိန်သည် အောက်ပါအချက်များပေါ် မူတည်သည်။
- The part(s) of the body receiving treatment (ကုသတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း)