Robotic Surgery
စက်ရုပ်နည်းပညာအသုံးပြုခွဲစိတ်ကုသခြင်း
Robotic Surgery ဆိုသည်မှာ ကွန်ပျူတာစနစ်တပ်ဆင်ထားသော စက်ရုပ်နည်းပညာကိုအသုံးပြုပြီး 1-2
cm ခန့်သာရှိသောခွဲကြောင်းရာမှတဆင့် ရောဂါများကိုခွဲစိတ်ကုသမှုပြုလုပ်ခြင်းဖြစ်ပါသည်။
ခွဲစိတ်မည့်ကိရိယာလေးများနှင့်ကင်မရာကို ကွန်ပျူတာနှင့်ထိန်းချုပ်ထားသည့်စက်ရုပ်လက်တံများမှာ
တပ်ဆင်ထားရှိပြီး တာဝန်ယူဦးဆောင်ခွဲစိတ်မည့်ဆရာဝန်က ကွန်ပျူတာမှတစ်ဆင့်
ထိုစက်ရုပ်လက်တံကိုထိန်းချုပ်ကာ ခွဲစိတ်ခြင်းဖြစ်ပါသည်။
စက်ရုပ်နည်းပညာအသုံးပြုခွဲစိတ်ကုသခြင်းရဲ့ အားသာချက်များ
– ကင်မရာနှင့်ချိတ်ဆက်ခွဲစိတ်ခြင်းကြောင့် မြင်ကွင်းကျယ်ပြီး ကြည်လင်ပြတ်သားစွာမြင်ရခြင်း
– စက်ရုပ်လက်တံများ ၃၆၀ ဒီဂရီ လွတ်လပ်စွာရွေ့လျားနိုင်ခြင်း
– ခွဲစိတ်မှု တိကျခြင်း၊ မြန်ဆန်ခြင်း
– သေးငယ်သောခွဲကြောင်းရာဖြင့်သာ ခွဲစိတ်မှုပြုလုပ်ခြင်း
– ခွဲစိတ်မှုအောင်မြင်မှုနှုန်းများခြင်း
စက်ရုပ်နည်းပညာသုံးခွဲစိတ်မှုကြောင့် လူနာရရှိမည့်ကောင်းကျိုးများ
– သွေးထွက်နည်းခြင်း
– ခွဲစိတ်မှုကြောင့်ဖြစ်ပေါ်သော နာကျင်မှုနည်းပါးခြင်း
– ခွဲစိတ်မှု၏နောက်ဆက်တွဲပြဿနာဖြစ်သော ရောဂါပိုးမွှားဝင်မှုနည်းပါးခြင်း
– ဆေးရုံတက်ရက်တိုတောင်းခြင်း
– ခွဲစိတ်ပြီးနောက် လျှင်မြန်စွာလှုပ်ရှားသွားလာနိုင်ခြင်း
– အမာရွတ်သေးခြင်း
– အနာကျက်နှုန်းမြန်ခြင်း
– လုပ်ငန်းခွင်သို့လျှင်မြန်စွာပြန်လည်ဝင်ရောက်နိုင်ခြင်း
စက်ရုပ်နည်းပညာအသုံးပြု၍
– ဦးခေါင်းနှင့်လည်ပင်းဆိုင်ရာခွဲစိတ်ကုသမှုများ
– အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာခွဲစိတ်ကုသမှုများ
– နှလုံးခွဲစိတ်ကုသမှုများ
– အစာအိမ်အူလမ်းကြောင်းဆိုင်ရာခွဲစိတ်ကုသမှုများ
– အသည်းနှင့်အစာခြေလမ်းကြောင်းခွဲစိတ်ကုသမှုများ
– အလှအပဆိုင်ရာခွဲစိတ်ကုသမှုများ
– ကိုယ်အလေးချိန်လျော့ချရန်ခွဲစိတ်ကုသမှုများ
– ဆီးနှင့်ကျောက်ကပ်ခွဲစိတ်ကုသမှုများ
– အမျိုးသမီး မီးယပ်နှင့်ပတ်သက်သောခွဲစိတ်ကုသမှုများ
– ကင်ဆာအကျိတ်နှင့် ကင်ဆာမဟုတ်သောအကျိတ်အမျိုးမျိုးခွဲစိတ်ကုသမှုများကို ပြုလုပ်နိုင်ပါသည်။
MICS
ပုံမှန်သာမာန်ရိုးကျနှလုံးခွဲစိတ်မှုများကဲ့သို့ ရင်ဘတ်တွင်
အရွယ်အစားကြီးမားသောခွဲကြောင်းရာပေးစရာမလိုဘဲ သေးငယ်သောအပေါက်ကလေးများမှတဆင့်
နှလုံးခွဲစိတ်မှုပြုလုပ်ခြင်းသည် MICS – Minimally Invasive Cardiac Surgery (နာကျင်မှုအနည်းဆုံးဖြင့်
နှလုံးခွဲစိတ်ခြင်းနည်းပညာ) ဖြစ်သည်။ အထူးပြုလုပ်တီထွင်ထားသော
ခွဲစိတ်မှုထောက်ကူပြုပစ္စည်းကိရိယာများနှင့် နည်းပညာများကိုအသုံးပြု၍ နံရိုးတစ်ခုနှင့်တစ်ခုကြား၌
ဖောက်ထားသောအပေါက်လေးများမှတဆင့် နှလုံးခွဲစိတ်မှုပြုလုပ်ခြင်းဖြစ်သည်။ ထိုနည်းပညာ၏
အဓိကရည်ရွယ်ချက်မှာ ခွဲစိတ်မှုကြောင့်ရသော ဒဏ်ရာသေးငယ်စေရန်၊ သွေးထွက်နည်းစေရန်နှင့်
မြန်မြန်နေကောင်းကျန်းမာစေရန်ဖြစ်ပါသည်။
MICS နည်းပညာဖြင့်ခွဲစိတ်မှုပြုလုပ်လေ့ရှိသော နှလုံးခွဲစိတ်မှုများမှာ
- Minimally invasive Coronary Artery Bypass Graft (CABG)နာကျင်မှုအနည်းဆုံးနှလုံးသွေးကြော ဖြတ်ဆက်ကုသခြင်း
- Minimally invasive valve surgery နှလုံးအဆို့ရှင်များလဲလှယ်မှု၊ ပြုပြင်ခြင်း
- Minimally invasive Aortic valve replacement (MIAVR)နှလုံးသွေးလွှတ်ကြောမကြီးအဆို့ရှင်ကျဉ်းရောဂါများကို ခွဲစိတ်ခြင်း
- Minimally invasive Atrial Fibrillation Surgery နှလုံးစီးချက်မမှန်ဖြစ်သည့်အခြေအနေများကိုကုသခြင်း
- Hybrid procedures အခြားနှလုံးကုသမှုနည်းပညာများပူးတွဲအသုံးပြု၍ခက်ခဲရှုပ်ထွေးသောနှလုံးရောဂါများကို ခွဲစိတ်ခြင်း
- MICS for Congenital heart disease (ASD/VSD) မွေးရာပါနှလုံးအပေါ်ခန်း (သို့)အောက်ခန်းအပေါက်ပါသောရောဂါများ ခွဲစိတ်ကုသခြင်း
- Minimally Invasive Tumor Surgery (Intracardiac or Intra thoracic tumors like atrialmyxoma and thymoma) နှလုံးတွင်ဖြစ်သော အကျိတ်ရောဂါများ၊ ရင်ခေါင်းအတွင်း၌ဖြစ်သောအကျိတ်ရောဂါများကိုကုသခြင်း
ရှုပ်ထွေးခက်ခက်သောနှလုံးခွဲစိတ်မှုများတွင်လည်း သာမန်ရိုးကျနှလုံးခွဲမှုအစား MICSနည်းပညာကို အသုံးပြုလာပြီဖြစ်သည်။ သို့ရာတွင် လူနာတယောက်ချင်းစီ၏လိုအပ်ချက်နှင့်ရောဂါအခြေအနေပေါ်မူတည်၍ သင့်လျော်သော ခွဲစိတ်မှုနည်းပညာကိုနှလုံးဆရာဝန်များမှရွေးချယ်လေ့ရှိပါသည်။
MICS နည်းလမ်း၏အားသာချက်များမှာ
- နောက်ဆုံးပေါ် စက်ပစ္စည်းများ၊ နည်းပညာများအသုံးပြုထားခြင်းကြောင့် ခွဲစိတ်မှုဘေးထွက်ဆိုးကျိုးနည်းပါးပြီး စိတ်ချရခြင်း
- ခွဲစိတ်မှု အတွက် ရင်ညွန့်ရိုးနှင့် နံရံများအား ချိုးစရာမလိုခြင်း
- သွေးထွက်နည်းခြင်း
- ခွဲစိတ်ပြီးနောက်ပိုင်း အဆုတ်နဲ့ ချုပ်ရိုး ပိုးဝင်မှု မရှိခြင်း
- နာကျင်မှု အနည်းဆုံးနှင့် ခွဲစိတ်ဒဏ်ရာအသေးဆုံးသော ခွဲစိတ်မှုဖြစ်ခြင်း
- ဆေးရုံတွင်တက်ရောက်ကုသမှုခံယူရသောရက် တိုတောင်းခြင်း
- လုပ်ငန်းခွင်သို့ အမြန်ဆုံးပြန်လည်ဝင်ရောက်နိုင်ခြင်း
- ခွဲစိတ်ပြီးနောက်ပိုင်းတွင် ပုံမှန်လူနေမှုပုံစံသို့ အမြန်ဆုံးပြန်ရောက်နိုင်ခြင်း တို့ဖြစ်ပါသည်။