သူနာပြုဆရာမများ ဦးစီးဖွင့်လှစ်တဲ့ WeCare Nursery Centre ( ရင်ခွင်ပိုက် ကလေးငယ် စောင့်ရှောက်ရေးစင်တာ )

Nursery Promo

စူးစမ်းလိုခြင်း၊ ချစ်ခြင်းမေတ္တာ၊ တုံ့ပြန်မှုနှင့် ဘာသာစကား အစရှိတဲ့အရာတွေကို ပတ်ဝန်းကျင်မှ သင်ယူလိုစိတ်တွေ စတင်ဖြစ်ပေါ်နေတဲ့အချိန် ဖြစ်တဲ့ကလေးငယ်လေးတွေအတွက်  WeCare Nursery Centre (ရင်ခွင်ပိုက် ကလေးငယ် စောင့်ရှောက်ရေးစင်တာ) ဟာ သန့်ရှင်းပြီး  အဆင်ပြေခြင်း၊ ယုံကြည်စိတ်ချရမှု နွေးထွေးလုံခြုံမှုပေးနိုင်မယ့် ပတ်ဝန်းကျင်တစ်ခု ဖြစ်ပါတယ်။

WeCare Nursery Centre (ရင်ခွင်ပိုက် ကလေးငယ် စောင့်ရှောက်ရေးစင်တာ) မှာဆိုရင် ကလေးသူငယ် ပြုစုစောင့်ရှောက်မှုနယ်ပယ်တွင် အတွေ့အကြုံရှိပြီး၊ ကလေးငယ်များ ဘက်စုံတိုးတက်မှုသင်တန်းကို ပြီးစီးအောင်မြင်ထားသော သူနာပြုဆရာမများနှင့် သူနာပြု အကူဆရာမများမှ ပြုစုစောင့်ရှောက်ပေးမှာ ဖြစ်ပါသည်။

အသက် (၆) လ မှ (၅ ) နှစ်အထိ သားသားမီးမီးတို့၏ အသက်အရွယ်အလိုက်ရှိရမည့် ဖွံဖြိုးတိုးတက်မှုများကို သားသားမီးမီးတို့၏ နေ့စဉ်လှုပ်ရှားသွားလာမှုများနှင့် ပူးတွဲ၍ WeCare Nursery Centre မှ ပြုစုပျိုးထောင်ပေးမည် ဖြစ်ပါသည်။

ဖေဖေမေမေတို့ အဆင်ပြေစေရန်အတွက် ကျောင်းချိန်ကို နံနက် ၈နာရီခွဲမှ ညနေ ၄နာရီခွဲထိ (တနင်္လာနေ့ မှ သောကြာနေ့ထိ) သတ်မှတ်ထားပါတယ်။ အချိန်ပိုထားချင်ပါကလည်း ကျောင်းချိန်ကို အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးပါတယ်။

စနေရုံးတက်ရတဲ့ ဖေဖေမေမေတို့အတွက်လည်း ကလေးကို စနေနေ့ပါ အပ်ထားချင်တယ်ဆိုရင် အဆင်ပြေအောင်လည်း စီစဉ်ပေးမှာ ဖြစ်ပါတယ်။

အချိန်ပြည့် CCTV များတပ်ဆင်ထားပြီး မိဘများမှလာရောက်ကြည့်ရှုနိုင်အောင်လည်း စီစဉ်ထားပါတယ်။

အစားအသောက်အတွက်လည်း အာဟာရဆရာဝန်၏ လမ်းညွှန်ချက်အတိုင်း စီစဉ်ဆောင်ရွက်ပေးထားပါသည်။

ကလေးငယ်များအတွက် လုံခြုံစိတ်ချရသော ကျောင်းကား အကြိုအပို့ကိုလည်း စီစဉ်ထားရှိပါသည်။

ရင်သွေးငယ်များ၏ ကျန်းမာရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများကို ပုံမှန်စစ်ဆေးပေးပြီး လစဉ်မှတ်တမ်းများလည်း ထားရှိပေးမှာ ဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာ မရနိုင်သော ကစားကွင်းများကိုသာ ပြင်ဆင်ထားပေးသောကြောင့် သားသား၊ မီးမီးများ လွတ်လပ်ပျော်ရွှင်စွာ ကစားရင်း သင်ယူနိုင်မှာဖြစ်ပါတယ်။

သားသားမီးမီးတို့ကို ရောဂါကူးစက်မှုများမရှိစေရန် သူနာပြုဆရာမများနှင့်သူနာပြုအကူဆရာမများသည် ဆေးစစ်ချက်များ အောင်မြင်ထားသူများဖြစ်ပါတယ်။

Nurture with Love, Grow with us.

WeCare Nursery and Pre-school မှ #ECCD လက်မှတ်ရဆရာမများနှင့် သူနာပြုအကူဆရာမများဖြင့် ကလေးများ၏ဘက်စုံဖွံဖြိုးမှု (Holistic Development) အတွက် ကလေးတွေရဲ့ အသက်အရွယ် အလိုက် စနစ်တကျပြုစုပျိုးထောင် သင်ကြားပေးနေပါတယ်။

For Toddler Class (အသက် ၆ လမှ ၂နှစ် ကလေးငယ်လေးများ ) 

Five Developmental Areas

*Speech and Language development

*Cognitive development and numerical development

*Fine motor skills development

*Gross motor skills development

*Social and emotional development

For Nursery and Pre-school Class ( အသက်၂ နှစ်မှ အသက် ၅ နှစ်အရွယ်ကလေးများ)


*Myanmar language and Culture

*English +Basic Phonics

*Maths

*Topic

*Circle Time

*Story Time

*Art and Craft

*Colouring and Painting

*Flash Card Time

*Super Brainwork

*Music and Movement

*Sensory Time

*Emotion and Social Development

*P.E and Yoga Time

စသည်ဖြင့် ကလေးငယ်များအတွက် ရေးဆွဲထားတဲ့ Daily Activities တွေဟာ နိုင်ငံတကာစံချိန် စံညွှန်းမီရေးဆွဲထားတာဖြစ်ပြီး ကလေးငယ်၏ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးမှုအပြင် စိတ်ဓာတ်နှင့် အပြုအမူ‌ကောင်းများအထိ ထိရောက်အောင် ရေးဆွဲထားတဲ့ Activities များဖြစ်ပါတယ်။

တစ်နေ့တာ Schedule မှာလည်း စားချိန်၊ အိပ်ချိန်၊ နားချိန်၊ Activities များအတိုင်း ဆော့ကစားချိန် စသည်ဖြင့် အချိန်များကို မျှတစွာ ရေးဆွဲထားခြင်းကြောင့် ကလေးငယ်များမှာ ပတ်ဝန်းကျင်စိမ်းပေမယ့် ရင်းနှီးသော လွတ်လပ်သော ခံစားချက်ကို ရရှိစေမှာဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းတွင်း ကျောင်းပြင် ပတ်ဝန်းကျင်ကိုပါ သန့်ရှင်းသပ်ရပ်မှုကို အလေးထားပြီး ဆောင်ရွက်ပေးထားပါတယ်။

ကလေးများ မိမိ၏မိသားစုနှင့်နေရသကဲ့သို့ ပျော်ရွှင်စွာဖြင့်တနေ့တာအချိန်ကိုကုန်ဆုံးစေရန် Activities planများ lesson plan များဖြင့် ဆရာမများနှင့် အထူးလေ့ကျင့်ပေးထားသောဝန်ထမ်းများမှ တာဝန်ယူ စောင့်ရှောက်ပေးမှာဖြစ်ပါတယ်။
ဖေဖေမေမေတို့နှင့်ကလေးငယ်များ အဆင်ပြေစေရန် အတန်းများကို
-Part Time Class

-Full Time  Class

-Daily Class  စသည်ဖြင့် ရွေးချယ်တက်ရောက်နိုင်ရန်စီစဥ်ထားပါတယ်။

Nursery Promo